ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင် ၁၅၈၈၅၇  ဦးရှိ

မန္တလေးတိုင်း‌ဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဒေါပုံမြို့နယ်တွင် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ Talk Show

ဒေါပုံမြို့နယ်တွင် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ Talk Show ဒေါပုံ စက်တင်ဘာ ၃၀ စိုးစန္ဒာညိမ်း(ပြန်/ဆက်)

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်လာပြီး ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေဝင်ရောက်မှုဒဏ်ခံရသော အိမ်ထောင်စုများမှ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာသို့သွားရောက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်လာပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ရေဝင်ရောက်မှုဒဏ်ခံရသော အိမ်ထောင်စုများမှ မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

ဟင်္သာတမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများ၏ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ်အတွင်းရှိ  အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများ၏ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ဒစ်ဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်အတွင်းရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာများ မျှဝေရန်နှင့် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု၍ MSME၊ လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ဒစ်ဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့နံနက် ပိုင်းအချိန်က ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းမှစ၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင် ကြေညာထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည်  စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက  မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး အောက်တိုဘာ ၄ ရက်တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

မကွေးမြို့၌ ၂၀၂၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မကွေးမြို့၌ ၂၀၂၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂)အုပ်စုမှ ကမ်းပြိုပြောင်းရွေ့အိမ်ထောင်စုများအား ပြောင်းရွေ့စရိတ်နှင့်ဆန်ရိက္ခာဖိုးများ‌ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာနှင့် ကြာအင်းကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာတို့တွင် ဧရာဝတီမြစ် ကမ်းပါးပြိုကျမှု‌ကြောင့် ကြိုတင်ပြောင်း‌ရွေ့အိမ်ထောင်စုများအား ပြောင်းရွေ့စရိတ်နှင့်ဆန်ရိက္ခာဖိုးများကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to