ဖျာပုံ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်အတွင်းရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာများ မျှဝေရန်နှင့် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု၍ MSME၊ လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ဒစ်ဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့နံနက် ပိုင်းအချိန်က ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။
အဆိုပါဒစ်ဂျစ်တယ် အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး ကအဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက ခရိုင်အတွင်းရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာများ မျှဝေရန်နှင့် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု၍ MSME၊ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယခုကဲ့သို့သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထိုနောက်ဖျာပုံ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက Online မှမှတ်ပုံတင်ခြင်း အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆိုပါသင်တန်းကို မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖျာပုံခရိုင်အတွင်း လုပ်ငန်းမှတ်ပုံတင်ထားရှိသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ (၂၀)ဦးအားသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)