မိုင်းဆတ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့ နံနက် ၇ နာရီမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ဇမ္ဗုသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စတင်ကပ်ထားကြေညာထားကြောင်း သိရသည်။

သာပေါင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့(World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ခွေးရူး ရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ (World Rabies Day) အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းများကို စက်တင်ဘာလ ၂၇ ရက်နေ့၊နံနက် ၉ နာရီအချိန်က ကွင်းကောက် ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃   ဧက စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃ ဧက စိုက်ပျိုးပြီးစီးရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် ပူဇော်ကန်တော့ပွဲပြုလုပ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို အောက်တိုဘာလ (၁)ရက်နံနက် (၈) နာရီခွဲက ရှမ်းပွဲရပ်ကွက်ရှိ ပျော်ဘွယ်ဘိုးဘွားရိပ်သာတွင်ကျင်းပပြုလုပ်သည်။

ပုလောမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စား စွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

ဆားလင်းကြီးတွင် ပတ်ဝန်းကျင်နှင့်ပိုးသတ်ဆေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ဆားလင်းကြီးတွင် ပတ်ဝန်းကျင်နှင့်ပိုးသတ်ဆေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက် ဆားလင်းကြီး စက်တင်ဘာ ၂၉ မြို့နယ် (ပြန်/ဆက်)

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနေ့များအကြောင်း အသိပညာပေး Talk Show

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနေ့များအကြောင်း အသိပညာပေး Talk Show ကြံခင်း စက်တင်ဘာ ၃၀ ဖြိုးဝေလင်း(ပြန်/ဆက်)

ဟင်္သာတမြို့နယ်တွင် ထွန်းတောက်ကြယ် နွားမွေးမြူရေး သမဝါယမ အသင်းသားများအား ချေးငွေပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ထွန်းတောက်ကြယ်နွားမွေးမြူရေး သမဝါယမ အသင်းသားများအားချေးငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့ ညောင်ပင်ရပ်ကွက်အလယ်လမ်းရှိ နွေသံဃဒါနဆွမ်းလောင်းအသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/သူများ၊ သင်ကြားပြသခဲ့သော ဆရာ/မများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/သူများ၊ သင်ကြားပြသခဲ့သော ဆရာ/မများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ဟင်္သာတ စက်တင်ဘာ ၃၀ ခရိုင်(ပြန်/ဆက်)
Subscribe to