နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်လာပြီး ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေဝင်ရောက်မှုဒဏ်ခံရသော အိမ်ထောင်စုများမှ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာသို့သွားရောက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေမြင့်တက်လာပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ရေဝင်ရောက်မှုဒဏ်ခံရသော အိမ်ထောင်စုများမှ  မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ မိုးစွေကျေးရွာ ချောင်းကူးတံတား ရေစီးဆင်းမှုအခြေအနေများ၊ နေအိမ်များအတွင်းရေဝင်ရောက်မှုအခြေအနေများနှင့် ကျေးရွာချင်းဆက် ကျောက်ချောမြေသားလမ်း ရေတိုက်စားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်ကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်သည် မိုးစွေကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ရေဝင်ရောက်မှုဒဏ်ခံ‌ရသော အိမ်ထောင်စုများမှ မိသားစုများနှင့် တွေ့ဆုံအားပေးစကားပြောကြားရာ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ကြရန်၊ တာဝန်ရှိသူများမှ သဘာဝဘေးကျရောက်လာပါက ဘေးကင်း‌စေရန် ကူညီကယ်ဆယ်ရေးနည်းလမ်းများ အသိပညာပေးဆောင်ရွက်ရေး၊ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အတွက် ဝက်ပျက်ဝမ်းလျှောရောဂါများမဖြစ်ပွားရေး ကျန်းမာရေးဌာနမှ လိုအပ်သည်များဆောင်ရွက်ရေး၊  သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် ရတနာတန်းဝင်သစ်ပင်များနှင့် နှစ်ရှည်ပင်များ တိုးချဲ့စိုက်ပျိုးရေးတို့ကိုမှာကြားပြီး ရေဝင်ရောက်မှုဒဏ်ခံ‌ရသော အိမ်ထောင်စုများမှ မိသားစုများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)