ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင် ၁၅၈၈၅၇  ဦးရှိ

ဝမ်းတွင်း  အောက်တိုဘာ  ၁

မန္တလေးတိုင်း‌ဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး ပထမအကြိမ်မဲစာရင်းများ ကပ်ထားကြေညာခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထား ကြေညာလျက်ရှိသည်။ ထိုသို့ မဲစာရင်းများ ပထမအကြိမ်ကြေညာရာတွင်  မြို့နယ်အတွင်းမဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်းနှင့်  ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုနှင့် မဲစာရင်းကြည့်ရှုနေမှုများ မဲစာရင်းတွင်အမည်ပါဝင်မှုရှိမရှိတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးရဲမြင့်သိန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်