ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂)အုပ်စုမှ ကမ်းပြိုပြောင်းရွေ့အိမ်ထောင်စုများအား ပြောင်းရွေ့စရိတ်နှင့်ဆန်ရိက္ခာဖိုးများ‌ပေးအပ်

ဇလွန် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာနှင့် ကြာအင်းကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာတို့တွင် ဧရာဝတီမြစ် ကမ်းပါးပြိုကျမှု‌ကြောင့် ကြိုတင်ပြောင်း‌ရွေ့အိမ်ထောင်စုများအား ပြောင်းရွေ့စရိတ်နှင့်ဆန်ရိက္ခာဖိုးများကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသူမောင်၊ ဒုတိယဦးစီးမှူးဒေါ်ဆုမွန်မြတ်တို့က ညောင်ပင်သာကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာမှ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀၀)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၁၀၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂၁၀၀၀၀)၊ ကြာအင်းကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာတို့မှ ရွှေ့ပြောင်းအိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် (၇၀၀၀၀၀)၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၁၄၀၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၄၀၀၀၀)၊ ကြာအင်း ကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာမှ ကမ်းပါးပြိုသည့်နောက်သို့ ပါဝင်သွားသည့် နေအိမ်(၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။

ဝေယံ-ဇလွန်(ပြန်/ဆက် )