မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်မဟာမုနိဘုရားကြီးနှင့်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားများ ငလျင်ကြောင့်ထိခိုက်ပြိုကျပျက်စီးမှုများအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အဖွဲ့ဝင်များ စက်တင်ဘာ၃၀ရက် ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်မဟာမုနိဘုရားကြီးနှင့်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားများ ငလျင်ကြောင့်ထိခိုက်ပြိုကျပျက်စီးမှုများအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အဖွဲ့ဝင်များ စက်တင်ဘာ၃၀ရက် ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ကျင်းပပြုလုပ်သည့် မြစ်ကြီးနားခရိုင် ကချင်နှစ်ခြင်း အသင်းတော်များအဖွဲ့ချုပ်ဖခင်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေး

 “သန့်ရှင်းသော ဖခင်များ” ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ကချင်နှစ်ခြင်း အသင်းတော်များအဖွဲ့ချုပ် ဖခင်များအတွက် ကျင်းပပြုလုပ်သော ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနား မြို့၊ ငြိမ်းချမ်းသာယာဘောလုံးကွင်း၌ ယမန်နေ့ညနေပိုင်းက ဗိုလ်လုပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms.Noriko Takagi အား စက်တင်ဘာ၃၀ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

သာစည်မြို့နယ်တွင် ပထမအကြိမ်မဲစာရင်းများကြေညာထားရှိမှု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းကြည့်ရှု

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို အောက်တိုဘာ ၁ ရက်နံနက် ၁၁ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးနိုင်‌ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မအူပင်မြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများအား ယနေ့နံနက်ပိုင်းက ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာသည်။

ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးမြောက်ဘက် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေစိုက်ဈေးဆိုင်ခန်း မီးလာင်ကျွမ်းမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေး မြောက်ဘက်စည်ပင်သာယာရေးအဖွဲ့ပိုင် (၉x၉)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက်ဈေးဆိုင်ခန်းတွင် ယမန်နေ့ ည(၀၉:၁၅)နာရီအချိန်ခန့်က မီးလာင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု နားဟစ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်​ပေး

ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၉) နာရီခွဲက တောင်ကြီးမြို့၊ လွယ်တော်ကျေးရွာအုပ်စု၊ နားဟစ်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များက ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ရွှေသောင်ယံမြို့တွင် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ ပြည်သူများလာရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ​​​ထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်အတွင်း ဓမ္မာရုံများ၌ ကပ်ထားကြေညာရာ ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Subscribe to