ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် မိုးရာသီနှင့် ဆောင်းရာသီများတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။