မကွေးမြို့၌ ၂၀၂၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

မကွေး အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေ‌ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ ကြေငြာထားရှိမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ဝင်များက မဲရုံများအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင်မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များမှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေးအတွက် လျှောက်ထားရန်နည်းလမ်းများအား ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တို့က ရှင်းလင်းပြောကြားခဲ့သည်။

မ‌ကွေးမြို့၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းအား စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်အထိ ၁၄ ရက်တာ ကပ်ထားကြေညာထားမည်ဖြစ်ပြီး မကွေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၇၆)ခုတို့တွင် မဲရုံ စုစုပေါင်း (၂၆၀) ရုံ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း  (၂၂၆၇၀၁)ဦးရှိကြောင်း၊ နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာခြင်းအား နိုဝင်ဘာလအတွင်း ထပ်မံကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။

ခရိုင်(ပြန်/ဆက်)