ငွေဆောင်မြို့တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူ( တိုင်းပြင်ပ) များထဲမှ အသက်၁၈နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ယာယီနေရပ်စွန့်ခွာ ( တိုင်းပြင်ပ)ပြည်သူ များထဲမှ အသက် (၁၈) နှစ်အထက် မဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်မှစတင်ကာ မြို့ပေါ်ရပ်ကွက် (၁,၂,၃,၄) နှင့်ဆင်မ၊ကျောက်ဖျာ၊သဇင်ကျေးရွာအုပ်စုများသို့ သွားရောက်ကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။