ဟင်္သာတ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများ၏ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၃၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၁) အုပ်စု၊ ကျေးရွာခွဲပေါင်း (၇၉၇)ရွာရှိပြီး မဲပေးနိုင်သူ ဦးရေ ကျား (၁၂၈၂၅၂) ဦး၊ မ (၁၄၂၃၄၈)ဦး၊ ပေါင်း (၂၇၀၆၀၀)ဦး ဖြစ်ကြောင်း၊ အဆိုပါ မဲဆန္ဒရှင်စာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့မှစတင်ကြေငြာကပ်ထားမည်ဖြစ်ပြီး ပြည်သူ များအနေဖြင့် စက်တင်ဘာလ ၃၀ ရက် နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ နေ့စဉ် နံနက် ၀၉၀ဝ မှ ၁၆၀၀ ချိန်ထိ မိမိတို့၏မဲစာရင်းများအား သွားရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများမှ တစ်ဆင့် ပုံစံ (၃) ဖြင့် မဲပေးခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)