ကလေးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၂)မျိုး သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာနမှဖွင့်လှစ်သည့်ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၂)မျိုးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးမြို့သိမ့်ဟိုတယ်ခန်းမတွင် ကျင်းပသည်။

ကျောက်တလုံးကြီးမြို့ အလက ဂနိုင်ထော့ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀နာရီက အခြေခံပညာအလယ်တန်းကျောင်း ဂနိုင်ထော့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်သည်။

သန်လျင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအားစျေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

သန်လျင်ခရိုင် သန်လျင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူ လျက်ရှိသော အငြိမ်းစားဝန်ထမ်းများအား မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက ယနေ့နံနက်ပိုင်းမှစ၍ စားအုန်းဆီများစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

တံတားဦးမြို့လူထုအခြေပြုဗဟိုဌာနတွင် ဝါးခမောက်ရက်လုပ်နည်းသင်တန်းအခမဲ့ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်  ဝါးခမောက်ရက်လုပ်နည်း (အခမဲ့)သင်တန်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက ဖွင့်လှစ်ကြောင်းသိရသည်။

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အထက်တန်း/အလယ် တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

၂၀၂၅ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)တို့ ပူးပေါင်း၍ အထက်တန်း/အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကျိုင်းတုံမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၀ ရက် နံနက် ၉  နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျွန်းစုမြို့၌ ဒေသခံများ ဝင်ငွေတိုးစေရန် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း အခမဲ့သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးပြီး ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။

ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များတွင် စားအုန်းဆီတစ်ပိဿာငွေကျပ်  ၇၆၉၀ ဖြင့် ရောင်းချ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များတွင် ယမန်နေ့က စားအုန်းဆီတစ်ပိဿာငွေကျပ်  ၇၆၉၀ ဖြင့် ပြည်သူများအား စားအုန်းဆီ ပိဿာ ၇၇၀  ရောင်းချပေးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to