ကျောက်တလုံးကြီးမြို့ အလက ဂနိုင်ထော့ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး

ကျောက်တလုံးကြီး အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀နာရီက အခြေခံပညာအလယ်တန်းကျောင်း ဂနိုင်ထော့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တလုံးကြီးမြို့ရုံးမှ မြို့ဦးစီးမှူးဒေါ်သန္တာဝင်းက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးငယ်များလူကုန်ကူးမှုခံရခြင်းမှ ကင်းဝေးစေရန်၊ ကလေးအလုပ်သမားအဖြစ်ခိုင်းစေခံရခြင်းမှကင်းဝေးစေရန်သတိထားသင့်သည့်အချက်များ၊ သတိပြုရမည့်သူများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူစုဆောင်းသည့်နည်းလမ်းများစသည့် အသိပညာပေးအကြောင်းအရာများကို ဟောပြောသည်။

ဆက်လက်၍ စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ရာ ကျောင်းသား/ကျောင်းသူများမှ  ကြည့်ရှုလေ့လာခဲ့ကြသည်။

သန္တာ