တောင်ဥက္ကလာပမြို့နယ်တွင် အရှေ့ပိုင်းဆေးရုံ အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

တောင်ဥက္ကလာပမြို့နယ်တွင် အရှေ့ပိုင်းဆေးရုံ အထူးကုဆရာဝန်ကြီးများမှ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက် တောင်ဥက္ကလာပ အောက်တိုဘာ ၂၁ သက်မင်းဟန်(ပြန်/ဆက်)

သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မား‌ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတဖွံ့ဖြိုးစေရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာ  ၂၁  ရက်နေ့ မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ (ပဉ္စမအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ကျင်းပသည်။

(၃၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃)ဖွင့်ပွဲ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားသို့ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း စုဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကသာမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအခြေခံစံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များရှိ/ မရှိ (တတိယအကြိမ်) ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အခြေခံစံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များရှိ/ မရှိ(တတိယအကြိမ်)ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၂၁ ရက်န့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

တပ်ကုန်းမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်ကုသရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၁ ရက်နံနက်က မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ကြသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား  အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။

ညောင်လေးပင်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
Subscribe to