ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များတွင် စားအုန်းဆီတစ်ပိဿာငွေကျပ်  ၇၆၉၀ ဖြင့် ရောင်းချ

ကျောက်ဆည် အောက်တိုဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များတွင် ယမန်နေ့က စားအုန်းဆီတစ်ပိဿာငွေကျပ်  ၇၆၉၀ ဖြင့် ပြည်သူများအား စားအုန်းဆီ ပိဿာ ၇၇၀  ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာပြည်သူများအတွက် ဒေါ်သဇင်အောင် (နေလသုခ) စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ စားအုန်းဆီ၃၄၂ပိဿာ၊ မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက် ပြည်သူများအတွက် ဒေါ်ဇာဇာအေး(ဒေါ်ဇာ) စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ စားအုန်းဆီ၂၈၈ပိဿာ၊ ကူမဲမြို့အမှတ်(၂)ရပ်ကွက်နှင့် မိုင်းလမ်းရွာ ပြည်သူများအတွက် ဦးရှိုင်းဝဏ္ဏစားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ဆားအုန်းဆီ ပိဿာ ၁၄၀ စုစုပေါင်း ပိဿာ ၇၇၀၊ တစ်ပိဿာလျှင် ငွေကျပ် ၇၆၉၀ ဖြင့် ရောင်းချပေးခဲ့ကြောင်း  ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

သက်မောင်၊ကျောက်ဆည်