(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အထက်တန်း/အလယ် တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

ညောင်ဦး အောက်တိုဘာ ၂၁

၂၀၂၅ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)တို့ပူးပေါင်း၍ အထက်တန်း/အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ရည်မွန်သူက ပြိုင်ပွဲရည်ရွယ်ချက်၊ အမှတ်ပေးစည်းမျဉ်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်လေးများပေါ်ထွန်းလာစေရေး၊ အစုအဖွဲ့များနှင့် ပူးပေါင်းတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရှင်းလင်းပြောကြားပြီးနောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အမျိုး သားနေ့ဒို့မမေ့”ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြသည်။

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုခန်းမ၌ အောက်တိုဘာ ၂၂ ရက်နံနက် ၉ နာရီခွဲတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။  ပြိုင်ပွဲတွင် အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူ(၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၈)ဦး၊ စုစုပေါင်း(၁၆)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း