သန်လျင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအားစျေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

ရန်ကုန်   အောက်တိုဘာ ၂၁

သန်လျင်ခရိုင် သန်လျင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူ လျက်ရှိသော အငြိမ်းစားဝန်ထမ်းများအား မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက ယနေ့နံနက်ပိုင်းမှစ၍ စားအုန်းဆီများစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်(သန်လျင်)၌ အောက်တိုဘာ ၂၁ရက်မှစ၍ ပင်စင်လစာများစတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများကို တစ်ဦးလျှင် (၂)ပိဿာခွဲနှုန်းဖြင့် ဘူးခွံစရိတ်အပါ ကျပ် ၂၁၀၀ဝနှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ဖြိုးသီဟ(သန်လျင်)