ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ မရမ်းကုန်းခရိုင်တွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်အနောက်ပိုင်း ခရိုင်လူမှုဝန်ထမ်းရုံး၏ ပဋိပက္ခအတွင်း လိင်ပိုင်ဆိုင်ရာအကြမ်း ဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်ထည်ဖော်မှု၊ တိုင်ကြားမှုယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာအကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့(အခမဲ့) ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှေုာက်မှုများအခမဲ့ ဆောင်ရွက်ပေးသည်။

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ချိုသာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ယနေ့နံနက်(၁၀) နာရီက အငြိမ်းစားဝန်ထမ်းများအတွက် ရွှေတိုးဆီအရောင်းဆိုင်က စားအုန်းဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ဝေါမြို့နယ်၌ မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ် (၁၂) နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြို့၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆင်သေကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ယမုံနာခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်ပါခွေမြို့၌ သဘာဝမြေဩဇာအရည် ပြုလုပ်သုံးစွဲနည်း သင်တန်းပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ နွားသေး၊ နွားချေး၊ ထန်းလျက်ဖျော်ရည်ဖြင့် သဘာဝမြေဩဇာအရည် ပြုလုပ်သုံးစွဲနည်းသင်တန်းကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်သည်။

မိတ္ထီလာမြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းလှည့်လည်ဒေသစာရီ ပူဇော်ခံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ဝမ်းတော်ပြည့်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူသည့် နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်း ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်၌ တောင်သူများအား စက်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၅-၂၀၂၆ မိုးစပါးရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံများထွန်ယက်စိုက်ပျိုးရာတွင် အသုံးပြုနိုင်ရန်အတွက် “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်မှ တောင်သူများအား စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၁ရက် နံနက်၉ နာရီက  ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်ရှိ “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ကျင်းပသည်။

ဖောင်းပြင်မြို့တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဗျာ၊ ပန်းချီ၊ကာတွန်းပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပန်းချီ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီက ကျင်းပသည်။
Subscribe to