မိုးနဲမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

မိုးနဲ       ဇူလိုင်     ၂၇

ရှမ်းပြည်နယ်‌(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

  ယင်းသို့ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် အဖွဲ့များခွဲကာ မြန့်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများက စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊  အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးကိုမထိခိုက် စေရန်အတွက်နေ့စဉ် ဘဏ်ဖွင့် ချိန် အတွင်း နံနက်၈ နာရီမှညနေ ၂ နာရီအထိထုတ်ပေးသွားမည်ဖြစ် ကြောင်း၊ ပင်စင် လာရောက်ထုတ်ယူရန်အခက်အခဲရှိသည့် အငြိမ်းစားများအားကိုယ်စားလှယ်လွှဲစာဖြင့် လာရောက် ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲမှ တာဝန်ရှိထံမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)