လွိုင်လင် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်စင်စားမိဘပြည်သူများ အတွက် ပင်စင်လစာငွေများကို ယမန်နေ့မှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အလားတူ ယနေ့နံနက်(၉)နာရီ က ပင်စင်လစာငွေများကို ဒုတိယနေ့အဖြစ် ဆက်လက်ထုတ်ပေး လျက်ရှိသည်။ ပင်စင်လစာထုတ်ယူကြမည့် မိဘပြည်သူများအား ဘဏ်အတွင်းမဝင်ရောက်မည် ဘဏ်ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှာခေါင်းစည်းများစနစ်တကျတပ်ဆင်စေခြင်း ၊ ရေမလို လက်သန့်ဆေးရည် ဖြင့်ဆေးကြောစေခြင်းများဆောင်ရွက်ပြီးနောက် တစ်ဦးနှင့် တစ်ဦး ၆ ပေ အကွာမှစနစ်တကျ တန်းစီ၍ မိမိတို့ရရှိသည့် ပင်စင်ငွေများကို ထုတ်ယူစေခြင်းများ ဆောင်ရွက် ပေးကြသည်။
လွိုင်လင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကာကွယ်ရေးပင်စင်ခံစားခွင့်ရှိသူ( ၆၂၇ ) ဦး ၊ မြို့ပြပင်စင် ( ၄၉၄ ) ဦး ၊ နိုင်ငံရေးပင်စင် ( ၅၃) ဦး နှင့် ဘဏ်ပင်စင်( ၁၈) ဦး စုစုပေါင်း ပင်စင်စားမိဘပြည်သူ( ၁၁၉၂ ) ဦးရှိကြောင်း လွိုင်လင် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုးလွင်ဦး(လွိုင်လင်)