ချင်းရွှေဟော် ဇူလိုင် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၁၁) နာရီအချိန်က တစ်လုံးလျှင်အောက်ဆီဂျင် (၄၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၇၀၀)လုံးနှင့် တစ်လုံးလျှင် အောက်ဆီဂျင် (၃၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၁၉၂)လုံး၊ (၃၈)လီတာဆံ့ အောက်ဆီဂျင်အိုးအလွတ် (၂၁၃)လုံး၊ (Medical Regulator) (၁)ဖာလျှင်(၂၀)ခုပါ(၂၆)ဖာ၊ နှာခေါင်းစည်း (Mask) (၉၀၀၆)ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၃၁၃)လုံး PPEဝတ်စုံ (၇၇၄)ဖာ၊ Oximeter (၁)ဖာလျှင် (၁၀၀)ခုပါ (၁)ဖာ၊ ဆေးဖာ(၁၁၀)ဖာတို့အား တင်ဆောင်လာသည့် မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာခဲ့သော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ချင်းရွှေဟော်မြို့ရှိ၊ စီတိုဂိုဒေါင်နှင့် ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာရှိ ရွှေတော်ဝင်ဂိုဒေါင်၊ ဂူဂျားဂိုဂေါင်၊ ရွှေတြိဂံဂိုဒေါင်များ၌ ခေတ္တချထားပြီး ၎င်းဂိုဒေါင်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းမြို့နယ်များသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံမှ တင်သွင်းလာခဲ့သည့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများမှာ ဇူလိုင် ၁၅ ရက်နေ့ မှ ဇူလိုင် ၂၇ ရက်နေ့၊ နံနက်(၁၁)နာရီအချိန်အထိ တစ်လုံးလျှင် အောက်ဆီဂျင်(၄၀)လီတာဆန့် အောက်ဆီဂျင်အိုး အလွတ် စုစုပေါင်း(၁၆၃၃၁)လုံး ၊ တစ်လုံးလျှင် (၁၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ်(၄၀)လုံး၊ တစ်လုံးလျှင် အောက်ဆီဂျင် (၂၀)လီတာဆံ့ အောက်ဆီဂျင်အိုးအလွတ်(၂၄၀)လုံး၊ တစ်လုံးလျှင်အောက်ဆီဂျင် (၃၀)လီတာဆန့် အောက်ဆီဂျင်အိုး အလွတ်(၁၉၂) လုံး၊ (၃၈)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၂၁၃)လုံး၊ တစ်လုံးလျှင် အောက်ဆီဂျင် (၁၅) လီတာဆံ့ အောက်ဆီဂျင်အိုးအလွတ် (၆၀)လုံး၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)(၃၆၁၄လုံး၊ နှာခေါင်း စည်း(Mask)(၃၅၀၇၈)ဖာ၊ ဆေးဖာ(၆၉၀)ဖာ၊ အောက်ဆီဂျင် လက်ညှိုးညှပ်တိုင်းစက်(၁)ဖာလျှင်(၉၆)ခုပါ(၈)ဖာ၊ (Oxygen Plant) စက်ကြီး (၂)လုံး၊ မီတာခွက်၊ အောက်ဆီဂျင် (Mask)(၁၂၃၂)ဖာ၊ (Madical Regulator)(၁)ဖာလျှင်(၂၀)ခုပါ(၁၉၆)ဖာ)၊ (Mask Box) (၂၈၅)ဖာ၊ အောက်ဆီဂျင်အဖုံး (၁)အိတ်၊ PPE ဝတ်စုံ(၂၃၁၀)ဖာ၊ Oximeter(၁)ဖာလျှင်(၁၀၀)ခုပါ (၂၄)ဖာနှင့် ဆက်စပ်ဆေးပစ္စည်း(၃၉၂)ဖာ၊ (Oxygen ReguLator)(၁၁၂)ဖာတို့ ဝင်ရောက် လာခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။