မင်းဘူး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အထွေထွေအုပ်ချပ်ရေး ဦးစီးဌာနရုံးခန်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ အစည်းအဝေးကျင်းပရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ယခုအခါ မင်းဘူး(စကု)မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း မြင့်တက်လျက်ရှိပါသဖြင့် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ မင်းဘူး(စကု)မြို့နယ်အား Stay at Home အစီအစဉ်တွင် အကျုံးဝင်ပြီး ပြည်သူများအနေဖြင့် ၂၇.၇.၂၀၂၁ နေ့မှစ၍ အောက်ပါ အစီအစဉ် များကို လိုက်နာကြရမည်
(က) အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းလုပ်ဆောင်ရန်၊
(ခ) မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင်(၁)ဦးသာ သွားရောက်ရန်၊
(ဂ) ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် (၂)ဦးသာ သွားရောက်ရန်၊
(ဃ) နေအိမ်မှ အပြင်သွားလျှင် ပါးစပ်၊ နှာခေါင်းစည်း Mask များတပ်ရန်၊
(င) တာဝန်ထမ်းဆောင်ရန် သွားရောက်ပြီး၊ ပြန်လာမည့်သူများကိုသာ ရပ်ကွက်/ကျေးရွာကျော်လွန် သွားလာခွင့်
ပြုရန်၊
(စ) ရပ်ကွက်/ကျေးရွာအတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် (၁)ဦး၊ ဆေရုံ/ဆေးခန်း သွား
ရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်(၂)ဦးသာ သွားရောက်ရန်၊
(ဆ) အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ ဝင်ရောက်သည့် ကုန်တင်မော်တော်ယာဉ်များ၊ ခရီးသည်ယာဉ်များ၊ အိမ်
အိမ်စီးယာဉ်များအနေဖြင့် မင်းဘူးမြို့နယ်အတွင်း ဝင်ရောက်ခြင်းမပြုဘဲ ပုသိမ်-မုံရွာလမ်းမကြီးမှတဆင့် အ
ခြားမြို့နယ်များသို့ တိုက်ရိုက် ထွက်ခွါသွားရန်၊
(ဇ) မင်းဘူးမြို့နယ်အတွင်းမှ ဈေးများအား ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ မနက် ၄ နာရီမှ ၁၀ နာရီအထိသာ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ဒေသန္တရ အမိန့်ထုတ်ထားကြောင်းနှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ထိရောက်စွာ အရေးယူခံရမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့နောက် ဗြဟ္မစိုရ် လူမှုကူညီးရေးအသင်းမှ ဦးကိုကိုအောင်က PPE ဝတ်စုံများ၊ လက်အိတ်များနှင့် မိမိတို့အဖွဲ့အစည်းများ အနေဖြင့် ဖြစ်ပေါ်နေသည့် အခက်အခဲများကို တင်ပြပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ပါရန် အသီးသီး တင်ပြ ဆွေနွေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က အမှန်တကယ် လိုအပ်နေသည့်အချက်များနှင့် မိမိတို့ဘက်မှ လိုက်လျော ပေးနိုင်သည့် အချက်များတို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ပြီး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေး ပညာပေးခြင်း လုပ်ငန်းများ၊ သတိပေးခြင်း လုပ်ငန်းဆောင်ရွက်ချက်များကို အသံချဲ့စက်များဖြင့် နံနက်ပိုင်းတွင်သာမက နေ့လည်ပိုင်းနှင့် ညပိုင်းများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် သတိပေး နိုးဆော်ကြရေးတို့ကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာထက်