မြောက်ဥက္ကလာပမြို့နယ်အတွင်း အောက်ဆီဂျင်အမှန်တကယ်လိုအပ်နေသူများအား အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဝေ

မြောက်ဥက္ကလာပ ဇူလိုင်  ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူ လူနာများ အောက်ဆီဂျင်လုံလောက်မှုမရှိဘဲ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အောက်ဆီဂျင် အမှန်တကယ်လိုအပ်နေသူများအား မြို့နယ်အောက်ဆီဂျင်ဖြန့်ဝေရေး အထောက်အကူပြု ကော်မတီ၏ ကြီးကြပ်မှုဖြင့်   လီတာ (၄၀)ဆံ့ အောက်ဆီဂျင် (၁၀)အိုးအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အောက်ဆီဂျင်ဖြန့်ဝေရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် အမှန်တကယ်လိုအပ်သူလူနာများအတွက် တစ်ဦးလျှင် (၁၀)လီတာ တစ်အိုးစီဖြင့် ရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း