ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်စက် ၀ယ်ယူရန်အလှူ ငွေများလှူဒါန်း

ပင်လောင်း  ဇူလိုင်  ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက် ၀ယ်ယူရန် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ ကြသည်။

အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရန်အတွက် ပင်လောင်းမြို့ ကန်သာဦးရပ်ကွက် ဒေါ်စိန်သန်း မိသားစုမှ ငွေကျပ် နှစ်သိန်း၊ ပင်လောင်းမြို့အရှေ့ရပ်ကွက် ဦးခိုင်ထူး+ ဒေါ်မျိုးမျိုးဝင်း မိသားစုမှ ငွေကျပ် နှစ်သိန်း၊ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက် ဦးထွက်ဘဲ မိသားစုမှ ငွေကျပ် တစ်သိန်း၊ပင်လောင်းမြို့မင်္ဂလာကွက်သစ်ရပ်ကွက် ဦးသန်းထွန်း+ ဒေါ်ရွှေ မိသားစုမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့မင်္ဂလာကွက်သစ်ရပ်ကွက် ဒေါ်ကောင်း(ပြည့်စုံ အောင်အထည်ဆိုင်)မှ ငွေကျပ် တစ်သိန်း၊ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက် ဒေါ်အေးကြင် မိသားစုမှ ငွေကျပ် ၁၅၀၀၀၀ိ/၊ပင်လောင်းမြို့ရုံး၀င်းရပ်ကွက် ဦးကျော်မိုးလွင်+ဒေါ်သီတာစိန်မိသားစု (ပိုင်ပညာ ရိပ်သာ) မှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ရင်းမှီးရပ်ကွက်မှ ဦးခွန်စိန်မြင့် မိသားစုမှ ငွေကျပ် ၁၅၀၀၀၀ိ/-၊ပင်လောင်းမြို့ အ ရှေ့ရပ်ကွက် နန်းမိုးမိုးသိမ့် မှ ငွေကျပ် ၅၀၀၀၀ိ/-၊ပင်လောင်းမြို့အရှေ့ရပ်ကွက်  ဒေါ်တင်မြင့်မှေငွကျပ် ၃၀၀၀၀ိ/-၊ ပင်လောင်းမြို့မင်္ဂလာကွက် သစ်ရပ်ကွက် ဦးခွန်လှဘော်+ဒေါ်နန်းခမ်းရီမိသားစုမှ ငွေကျပ် ၅၀၀၀၀ိ/-တို့ကို ပင်လောင်း မြို့နယ် ပြည်သူ့ဆေးရုံသို့  လာရောက်လှူဒါန်းကြကြောင်း သိရသည်။