မူဆယ် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ၊မူဆယ်မြို့သည် တရုတ်နိုင်ငံ နယ်စပ် ဒေသနယ်နမိတ် ထိစပ်လျှက် ပို့ကုန်/သွင်းကုန်ဆောင်ရွက်ရသော နယ်စပ်ကုန်သွယ်ရေးဂိတ်(၅)ခုရှိပါသည်။
ယခုနှစ် ဧပြီလမှစပြီး တစ်ဖက်နိုင်ငံ ရွှေလီမြို့တွင် ကိုဗစ်၁၉ရောဂါကူးစက်မှုများ ပြားလာသဖြင့် ပို့ကုန်/သွင်းကုန် ကုန်စည်ဂိတ်များဖြစ်သော ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ မန့်ဝိန်းဂိတ် (၃)ခုသာ နှစ်နိုင်သဘောတူချက်အရ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
သို့သော် ဇွန်လဆန်းပိုင်းတွင် တစ်ဖက်နိုင်ငံရွှေလီ၊ ဂျယ်ဂေါင်၊ ဝမ်တိန်မြို့များ တွင်ပြင်းထန် ကိုဗစ်-၁၉ရောဂါ ကူးစက်နှုန်း တိုးပွားလာခြင်းကြောင့် နယ်စပ်ဂိတ်အားလုံးကို ပိတ်ခဲ့ရပြီး တစ်ဖက်နိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာ
ပြန်လာမရဘဲ ပိတ်မိနေခဲ့ရပါသည်။
ထို့ကြောင့် လတ်တလော၂နိုင်ငံနယ်စပ်ဒေသ အာဏာပိုင်များ နှစ်ဖက်ညှိနှိုင်းမှု သဘောတူညီ ချက် အရ တစ်ဖက်နိုင်ငံတွင် ပိတ်မိမြန်မာအလုပ်သမားများအား (၂၆.၇.၂၀၂၁)ရက်နေ့မှ စတင်ပြီး နေ့စဉ်နံနက်(၉)နာရီမှ (၁၂)နာရီအထိ နန်းတော်ဂိတ်ပေါက်မှ စိစစ်လျက် လွှဲပြောင်း လက်ခံလျက်ရှိကြောင်း သိရပါသည်။
အိမ်ပြန်မောင်အောင်ထက်ပိုင်အဆိုအရ "ကျနော်တို့မြန်မာအလုပ်သမားများ အရေအတွက် ရာချီ ပြီး တယ်ဟုန်ပြည်နယ်မှာ ပိတ်မိနေပါတယ်၊ ပြန်လာချင်ပေမဲ့ အသွားအလာ ကန့်သတ်မှု ကြောင့် အပြင်မထွက်နိုင်ကြဘူး၊ ခုလိုတရားဝင်ပြန်လာခွင့်ရအောင် ဆောင်ရွက်ပေးတဲ့မြန်မာ တာဝန်ရှိသူများကို အရမ်းကျေးဇူးတင်တယ်၊ ကျနော့မိသားစုနဲ့တွေ့ရ တော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေကာတယ်”ဟု ဆိုင်ကယ်နဲ့အိမ်မွေးခွေးကလေးနဲ့အတူ အိမ်ပြန်လူရွယ်က ပြော ခြင်းဖြစ်သည်။
ထိုသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လက်ခံရာတွင် မူဆယ်ခရိုင်နယ်စပ်ဒေသ အာဏာ ပိုင် တို့၏ လမ်းညွန်မှု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၏တိုက်ရိုက်ကြီးကြပ်မှု၊ သက်ဆိုင်ရာ ဌာနအသီးသီးတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အိမ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား များကို ရွှေနန်းတော်ခရီးသွားစင်တာတွင် ခေတ္တနေရချထားပေးလျက် တစ်ဦးချင်းစီကျန်းမာရေး ဆေး စစ် ပေးခြင်း၊ မိမိနေရပ်အထိ ပြန်နိုင်ရန် မော်တော်ယာဉ်များစီစဉ်ပေးခြင်း၊ ပါလာသော ကား ဆိုင်ကယ်ပစ္စည်းများကို ဆေးဖြန်းပေးခြင်းများကို အချိန်နှင့် တပြေးညီကြိုဆိုနေရာချ ထားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အယ်စိုး