|
||||
|
ဖြူး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးတွင် ရောဂါပိုးတွေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနေသူများ အောင်ဆီဂျင် လိုအပ်ချက်များအတွက်နှင့် ကျန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်မှုများကို အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များက ဦးဆောင်ကာ အလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် အောင်ဆီဂျင်စက်ရုံကို ဖြူးမြို့ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေး ရုံဝင်းအတွင်း မြေနေရာလွတ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့ ဖြူးမြို့နယ်မှာ အောင်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ဖို့ ဇူလိုင်လ(၈)ရက်နေ့က အောင်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဖွဲ့ပါတယ်။ ဇူလိုင်လ(၉)ရက်နေ့မှာ စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါတယ်။ အောင်ဆီဂျင်(ကွန်တင်နာ) စက်ကြီးနှင့် ဆက်စပ်ပစ္စည်းတွေ အတွက်ကိုကော အခြေခံကုန်ကျမှုအနေနဲ့ ငွေကျပ်သိန်း(၁၆၀၀)နဲ့ စတင်ဆောင်ရွက်နေပါတယ်၊ အလှူရှင်တွေဆီက လက်ခံရရှိတာ သိန်း(၁၆၀၀) ကျော်ပါပြီ ထပ်မံလိုအပ်ချက်တွေကို အများဆုံး သိန်း(၁၀၀)လှူဒါန်းမတည်ထားသူတွေက ဆက်လက် ကူညီသွားကြမယ်လို့ သိရပါတယ်။ အောင်ဆီဂျင် စက်လည်ပတ်တဲ့အခါမှာ လီတာ(၄၀)အောင်ဆီဂျင်အိုး တစ်ရက်ကို(၂၀၀)နီးပါး ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ် ဟု အောင်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီမှ ဘဏ္ဍာရေးမှူးဦးသူရက ပြောသည်။
ဖြူးမြို့နယ်တွင် အောင်ဆီဂျင်စက်ရုံ တည်ဆောက်ရာမှာ အလျား ပေ(၅၀)၊အနံ(၂၈)ပေအကျယ် ရှိပြီးယခုလက်ရှိအခြေအနေအ(၃၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ အမြန်ဆုံး အကောင်အထည်ဖော် အသုံးပြုနိုင်ရေး အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖြူးမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်းဇွန်လ(၂၂) ရက်နေ့မှစ၍ သတ်မှတ်ကြေငြာ ခဲ့ပြီးဖြစ်သည်။ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ နေ့စဉ်တိုးနေလျက်ရှိပြီး ယနေ့ထိ(၉၆၃)ဦး၊ သေဆုံးသူမှာ(၄၃)ဦး အထိရှိနေကာ လက်ရှိအခြေအနေအရ ဆေးကုသရေး Center များတွင် (၁၀၆)ဦး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသူ(၈၁၄)ဦး ရှိနေကြောင်း ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာ နမှ သိရသည်။
နေမျိုးလွင်