ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်အခြေအနေများအား ဖြူးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
မေး ။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေမှာဖြူးပြည်သူ့ဆေးရုံအနေနဲ့ ပိုးတွေ့လူနာ တွေကို ကုသဆောင်ရွက်ပေးထားမှုနဲ့ ၎င်းတို့နဲ့ထိတွေ့သူတွေကို ကိုဗစ်စင်တာတွေဆောင်ရွက် ပေးထားမှုအခြေ အနေ တွေကိုသိပါရစေခင်ဗျ။
ဖြေ ။ ဟုတ်ကဲ့ရှင့် ဖြူးမြို့နယ်အတွင်းမှာဆိုရင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ နေ့စဉ်တိုး နေလျက် ရှိပြီးယနေ့ထိ(၉၇၈)ဦး၊ သေဆုံးသူမှာ(၄၄)ဦးအထိရှိနေပါတယ်။ဒါဟာဆိုရင် ဇူလိုင်လ (၂၇)ရက်နေ့ ညနေပိုင်းထိပါ။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူတွေကို ဖြူးဆေးရုံ အထူးကြပ်မတ် ကုသဆောင်၊ အထက (ညောင်ပင်သာ)၊ တိုက်နယ်ဆေးရုံ(ညောင်ပင်သာ) တိုက်နယ်ဆေးရုံ(ဇေယျ၀တီ)၊ အထက(၁)ဖြူး စတဲ့ ဆေးကုသရေးCenterတွေအထူးကြပ်မတ် ကုသပေးနေလျက် ရှိပါတယ်။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူနှင့် ဆက်စပ်သူများအားဖြူးမြို့နယ်အထက(၃)၊ အထက-၁(ဇေယျ၀တီမြို့)၊ အထက-၁(ကညွတ်ကွင်းမြို့)၊ အောင်တော်မူခန်းမ(ကညွတ်ကွင်းမြို့) Quarantine Centerတွေမှာ ကန့်သတ် စောင့်ကြည့် မှုတွေဆောင်ရွက်ထားပြီး ကြိုတင်ပြင်ဆင်ထားမှုအနေနဲ့ သာသနာ့ဗိမ္မာန်(ဖြူး)၊ မိုးကုတ်ရိပ်သာ(ဖြူး)၊ ရွှေစေတီဘုန်းကြီးကျောင်း (ဇေယျဝတီမြို့)Quarantine Centerတွေ ပြင်ဆင်ထားတာရှိပါတယ်။