ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဘေးသတိပေးနှိုးဆော်မှုလုပ်ငန်းများ ဆောင်ရွက်

ဘီးလင်း ဇူလိုင် ၂၉

မွန်ပြည်နယ်၊သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ မြိုနယ် မီးသတ်ဦး စီးဌာနမှ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်များကို ယမန်နေ့ မွန်းလွဲပိုင်းက ဘီးလင်းမြစ်ကြောင်းတစ်လျောက် Hand Speakerဖြင့် လိုက်လံ အသိ‌ပေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှူး ်ဦးဝေယံအောင်၏စီစဉ် ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများကရေကြီးနစ်မြုပ်နိုင်သည့် နေရာများ သို့စက်လှေများဖြင့်သွားရောက်၍ ဘီးလင်းမြစ်ရေမှာမြင့်တက်လာနေသည့်အတွက် မြစ်ချောင်း အနီး နေထိုင်ကြသော ပြည်သူများအား ရေလွတ်ရာကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ နေထိုင်ကြရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

ဘီးလင်း (ပြန်/ဆက်)