သုံးခွမြို့နယ်တွင် တစ်နေ့လျှင် အောက်ဆီဂျင် လီတာ (၄၀)ဆံ့အိုး အလုံး(၁၂၀) ဖြည့်တင်းထုတ်လုပ်ပေးနိုင်မည့် အောက်ဆီဂျင်စက်ထားရှိမည့် အဆောက်အဦ တည်ဆောက်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ သုံးခွ-သန်လျင် ကားလမ်းမဘေး၊ သိုက်တူးကန်ကျေးရွာ(ရဲနွဲ့တာအနီး) ၄ ဒသမ ၉၄ ဧကရှိ ဘိုးဘွားရိပ်သာ၌ တစ်နေ့လျှင်အောက်စီဂျင် (၄၀)လီတာအိုး (၁၂၀)အိုး ဖြည့်တင်းပေးနိုင်သည့် အောက်ဆီဂျင်စက် ထားရှိရန် အဆောက်အဦ တည်ဆောက်လျက်ရှိကြောင်း သိရသည်။