ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ကိုဗစ်-၁၉ ရောဂါ သံဃာတော်များအတွက် ဖွင့်လှစ်မည့် မင်းဓမ္မစင်တာနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာ သာသနာ့ဗိမာန်တော်သို့ သွားရောက်ကာ သံဃာတော်များသီးသန့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို စစ်ဆေးပြီး အောက်ဆီဂျင်ပိုက်လိုင်း ထုတ်လုပ်သည့် စက်ပေးပို့ခြင်းနှင့် ပိုက်လိုင်းများသွယ်တန်းရေး၊ အောက်ဆီဂျင်ဆလင်ဒါအိုးများ ဖြည့်သွင်းပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။