ကော့ရိတ်မြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များသို့ ရေများဝင်ရောက်ပြီး ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ 

ကော့ကရိတ် ဇူလိုင် ၂၉


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ​ကော့ကရိတ်မြို့၌ ဇူလိုင်(၂၅)ရက်​နေ့မှ မိုးအဆက်မပြတ် ရွာသွန်းကာ ​ဟောင်သ​ရောမြစ်​ရေ၊ ဂျိုင်းမြစ်​ရေလျှံမှု​ကြောင့် ​ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့​ပေါ်ရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၂၂)ရွာတို့ရှိ အိမ်ထောင်စု (၆၅၀၃) စုရှိလူနေအိမ်များ အတွင်းသို့ ရေများဝင်ရောက်လျက်ရှိပြီး ယမန်နေ့ညနေပိုင်းက အိမ်ထောင်စု(၁၇၇)စုတို့အား ရေလွတ်ရာနေရာသို့ ပြောင်း‌ရွေ့‌နေထိုင်လျက်ရှိကြောင်း သိရသည်။ 

မိုးအဆက်မပြတ ်ရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် ကယ်ဆယ်ရွှေ့ပြောင်းခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရေဘေးလွတ်ရာ ​ဆွေမျိုး​နေအိမ်များနှင့် ရေဘေးရှောင်စခန်းသို့ ရွှေ့ပြောင်း ပေးလျက်ရှိသည်။ 

အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် ​​ရေဝင်​ရောက်​နေသည့် အိမ်​ထောင်စု(၆၅၀၃)စုမှ ကော့ကရိတ ်မြို့​ပေါ်မှ အိမ်​ထောင်စု(၁၁၃)စု၊ ကျုံဒိုးမြို့​ပေါ်မှ အိမ်​ထောင်စု(၃၉)စု​ကျေးရွာ(၂၂) ရွာမှ အိမ်​ထောင်စု(၂၅)စု​​​တို့သည်​ ရေလွတ်ရာဆွေမျိုးများ နေအိမ်နှင့် ရေဘေးရှောင် စခန်းများဖြစ်သည့် ကော့ကရိတ်မြို့ မူလွန်(၆)ကျောင်း၊ အမက (၁၆)​ကျောင်း၊ အထက(၁)၊ ကျုံးဒိုး အထက၊ ကျုံဒိုးအမက (၆)၊ စားသုံးသူ​ရေးရာဂို​ထောင်၊​ ဒေါဖျာ​ကျေးရွာဘုန်းကြီး​ကျောင်း၊ ကမ်းနီ​ကျေးရွာ အမကကျောင်းသို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ် ချက်များနှင့် ပြောင်းရွှေ့ နေရာချထားပေး လျက်ရှိ​ကြောင်း သိရသည်။

ခင်မျိုးဝင်း