ကျိုက်ဒုံမြို့ရှိရေဘေးသင့်ပြည်သူအိမ်ထောင်စု (၆၁)စုအားဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ပေးအပ်

ကျိုက်ဒုံ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟောင် သရေမြစ်ရေလျှံတက်လာပြီး စိုးရိမ်ရေအမှတ်(၅၁၈)စင်တီမီတာသို့ ကျော်လွန်ပြီး(၆၂၀) စင်တီ မီတာသို့ရက်ရှိခဲ့သည့်အတွက် ကျိုက်ဒုံမြို့တွင်ရေကြီးမှုများ ဖြစ်ပွားသည်။

ကျိုက်ဒုံမြို့အတွင်းသို့ ရေများဝင်ရောက်ခဲ့မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း(၃)နေရာ ဖွင့်လှစ်ပေးခဲ့ပြီးရေဘေးသင့်ပြည်သူအိမ်ထောင်စု(၆၁)စု၊ကျား(၁၁၇)ဦး၊မ(၁၂၁)ဦးစုစုပေါင်း(၂၃၈)ဦးပြောင်းရွှေ့နေထိုင်ခဲ့ကြောင်းသိရသည်။အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့ခဲ့သည့် ရေဘေးသင့်ပြည်သူများအား ဇူလိုင်လ ၂၇ ရက်နေ့ ညနေ၃ နာရီက ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော အိမ်ထောင်စု(၁)စုလျှင်ငွေ(၃၀၅၀၀)ကျပ်တန်ဖိုးရှိသောဆန်၊ဆီ၊ဆား၊ပဲ၊အသားတု၊ငါးသေတ္တာ၊ မားမားခေါက်ဆွဲခြောက်၊ ကြက်ဥစသည့် အခြေခံစားသောကုန်(၇)ရက်စာနှင့် သောက်ရေသန့် များ၊နှာခေါင်းစည်း(Mask)များကို ရေဘေးသင့်ပြည်သူအိမ်ထောင်စု(၆၁)စု၊ ကျား(၁၁၇)ဦး ၊ မ(၁၂၁)ဦးစုစုပေါင်း(၂၃၈)ဦးအတွက် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊လဝကမှူး ဦးဇွန်ဇွန်မိုးလွင်၊နယ်မြေစခန်းမှူးရဲအုပ်ထွန်းနေဦးတို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်၁၉ကူးစက်ရောဂါကာကွယ်တားဆီးရေး၊ စည်းကမ်းချက်များနှင့် အညီရေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်