မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မော်လမြိုင်မြို့၊ မြဆည်းဆာ နှင့်တောင်ဝိုင်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွား (၁၀၀) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု သွားရောက်ကြည့်ရှု
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး
ကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၃နာရီက
မော်လမြိုင်မြို့မြဆည်းဆာဘိုးဘွားရိပ်သာနှင့် တောင်ဝိုင်း ဘိုးဘွားရိပ်သာတို့တွင် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း
များ၊ပရဟိတ စေတနာ့ဝန်ထမ်းများက သက်ကြီးဘိုးဘွား(၁၀၀) ဦးတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးမှု အ
ခြေအနေအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီးအဟာရဖြည့်အစားစာများလှူဒါန်းပေးသည်။