ပဲခူးမြို့၌ မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေရာချထားပေး
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ် ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများဖြစ်သည့် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ကမ်းနံဘေးရှိ ဖောင်တော်ဦးကွက်သစ်(၅)လမ်းနှင့် ခိုင်မာလမ်းသွယ်ရှိ နေအိမ်များတွင် (၈)ပေခန့် ရေမြင့်တက်ဝင်ရောက် လာသဖြင့် ရေဘေးသင့်ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ပြောင်း ရွှေ့ပေးခဲ့ကြောင်း သိရသည်။