ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုး(၁၁၀၀)လုံးနှင့်အခြားကျန်းမာရေးအထောက်အကူပြုပစ္စည်းများထပ်မံဝင်ရောက်

ချင်းရွှေဟော် ဇူလိုင် ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပစ္စည်းများဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က တစ်လုံးလျှင်အောက်ဆီဂျင်(၅၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၃၅၀)လုံးနှင့်တစ်လုံးလျှင်အောက်ဆီဂျင်(၄၀) လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၇၅၀)လုံး၊ နှာခေါင်းစည်း(Mask)(၂၀၃၉၂)ဖာ၊ (Oxygen Plant) စက်ကြီး(၂)လုံး၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၅၀၀လုံး)၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါရှာဖွေရေးကိရိယာ(၁၀)ဖာ၊ အောက်ဆီဂျင်အိုး နပ်(စ်)(၁)အိတ်၊ ဖိနပ်အစွပ်(၆၈)ဖာတို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာခဲ့သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ချင်းရွှေဟော်မြို့ ရှိအားလျန်ဂိုဒေါင်နှင့်နဂါးနီဂိုဒေါင်၊ ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာရှိ ရွှေတော်ဝင်ဂိုဂေါင်၊ ဂူးဂျားဂိုဒေါင်နှင့်ရွှေတြိဂံဂိုဒေါင်များတွင် ခေတ္တချထားပြီး၎င်းဂိုဒေါင်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမြို့နယ်များသို့ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံမှ တင်သွင်းလာခဲ့သည့် ကျန်းမာရေးအထောက်အကူပစ္စည်းများမှာ ဇူလိုင် လ(၁၅)ရက်နေ့မှဇူလိုင်(၃၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်အထိ တစ်လုံးလျှင်အောက်ဆီဂျင်(၅၀)လီတာဆန့် အောက်ဆီဂျင်အိုး အလွတ်(၃၅၀)လုံး၊ တစ်လုံးလျှင် အောက်ဆီဂျင်(၄၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် စုစုပေါင်း(၂၀၂၅၁)လုံး ၊ တစ်လုံးလျှင် (၁၀)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ်(၄၀)လုံး၊ တစ်လုံးလျှင် အောက်ဆီဂျင်(၂၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ် (၂၄၀) လုံး၊ တစ်လုံးလျှင်အောက်ဆီဂျင်(၃၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၁၉၂)လုံး၊ (၃၈)လီတာဆန့်အောက်ဆီဂျင်အိုး အလွတ် (၂၁၃)လုံး၊ တစ်လုံးလျှင် အောက်ဆီဂျင်(၁၅)လီတာဆန့် အောက်ဆီဂျင်အိုးအလွတ် (၃၈၇)လုံး၊ နှာခေါင်းစည်း(Mask)(၆၆၂၁၄)ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) (၄၄၅၀လုံး)၊ ဆေးဖာ(၆၉၀)ဖာ၊ အောက်ဆီဂျင်လက်ညှိုးညှပ်တိုင်းစက်(၁)ဖာ လျှင်(၉၆)ခုပါ(၈)ဖာ၊ (Oxygen Plant) စက်ကြီး(၄)လုံး၊ မီတာခွက်၊ အောက်ဆီဂျင် (Mask)(၁၂၃၂)ဖာ၊ (Madical Regulator)(၁)ဖာ လျှင်(၂၀)ခုပါ(၂၇၄)ဖာ)၊ (Mask Box)(၂၈၅)ဖာ၊ အောက်ဆီဂျင်အဖုံး(၈)အိတ်၊ Oximeter(၁)ဖာလျှင်(၁၀၀)ခုပါ (၇၇)ဖာ၊ အောက်ဆီဂျင်(Inhalator)(၅)ဖာ၊ အောက်ဆီဂျင်အိုး(ခေါင်း)(၁)အိတ်၊ PPEဝတ်စုံ(၂၃၁၀)ဖာ၊ ဆက်စပ်ဆေးပစ္စည်း(၄၆၀)ဖာ၊ အောက်ဆီဂျင်အိုးနပ်(စ်)(၁)အိတ်၊ (Oxygen ReguLator) (၁၁၂)ဖာနှင့် PPE ဝတ်စုံ(၂၃၁၀)ဖာတို့ ဝင်ရောက်လာခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။