မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်-အောင်လံအဝေးပြေးကားလမ်းမကြီးပေါ်တွင် ယင်းမာပင် လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် ဖယ်ရှားရှင်းလင်

အောင်လံ   ဇူလိုင်   ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထောက်ကြံ့တိုင်းကျေးရွာအနီး ပြည်-အောင်လံအဝေးပြေးကားလမ်းမကြီးပေါ်တွင် လုံးပတ်(၁၂)ပေ၊ အရှည်(၆၀)ပေခန့်ရှိ ယင်းမာပင်ကြီးလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်းကို ပရဟိတ လူနာတင်ယာဉ်တစ်စီးမှ ယာဉ်မောင်း၏ သတင်းပေးချက်အရ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဇော် ဦးစီး၍ သန္ဓေ တပ်ဖွဲ့ဝင်(၈)ဦးတို့သည် (3J/ 3772) နီဆန်း အုပ်ချုပ်မှုယာဉ်ဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၈)နာရီခွဲအချိန်တွင် ရှင်းလင်းပြီးစီး၍မော်တော်ယာဉ်များ ပုံမှန်သွားလာဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုအား ရှင်းလင်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဘွက်ကြီးတံတားစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတာဝန်ကျ တပ်မတော်သားများ ဝိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ကြပြီး လူနှင့်တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

မျိုးသိန်း