ပန်းတနော်မြို့သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေအား လာရောက်ကြည်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ကြည့်ရှုစစ်ဆေးပြီးအား‌ပေးစကားပြောကြားခဲ့သည်။

ကိုဗစ်ရောဂါကုသရေးတွင် အထောက်အကူဖြစ်စေရန် ခရိုင်ပြည်သူ့ဆေးရုံသို့ Oxygen Concentrator များ ပေးအပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်ရောဂါကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ယနေ့ မွန်းလွဲပိုင်းက 10 Liter Oxygen Concentrator (၂)လုံးကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့က ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စိုးက လက်ခံရယူခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ်ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံ မိုးရွာသွန်းမှုကြောင့် ရေပိုလွှဲမှရေကျော်ကျမှုရှိနေကြောင်း အသိပေးအစိမ်းရောင်အလံများစိုက်ထူထားရှိ

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံသည် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကန်ရေပြည့်အမှတ် ၄၃၄.၀၀ ပေ ဖြစ်ပြီး ယနေ့နံနက် ၉ နာရီတွင် ကန်ရေ ပြည့် အမှတ်အထက် ၂ပေ ၆လက်မ ရေပိုလွှဲမှ ရေကျော်စီးဆင်းလျက်ရှိသော်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေသို့ရောက်ရှိမှုမရှိသေးကြောင်းသိရပါသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၆၅)နှစ်နဲ့အထက် အဘိုး/အဘွားများကို ယနေ့နံနက်(၉:၀၀)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ သွားလာ ရေး စစ်ဆေးဆောင်ရွက်

ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးအတွက်ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ သွားလာကြရာတွင် သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာသွား လာ မှုရှိ/ မရှိစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်၉နာရီကကျိူက်မရောမြို့အဝင် နတ် စမ်းဂိတ် နှင့် စက်လမ်းဝအဝိုင်း၌မြို့နယ်ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။

အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ အလှူငွေကျပ် သိန်း(၅၀)လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမကွက်သစ်ကျောင်းတိုက် အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံတည် ဆောက်နိုင် ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အလှူငွေ ကျပ်သိန်း(၅၀)လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လှူဒါန်းခဲ့သည်။

တနင်္သာရီမြို့နယ်အတွင်း မြစ်ရေပြန်လည်ကျဆင်းပြီဖြစ်၍ ရေဘေးသင့်အိမ်ထောင်စုများ မိမိတို့ နေအိမ်များ သို့ ပြန်လည်ပြောင်းရွှေ့

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ တနင်္သာရီ မြစ်ရေကြီး လာပြီး စိုးရိမ်ရေအမှတ်(၁၇)ပေအ ထက်ကျော်လွန်နေမှုဖြစ်စဉ်ကြောင့် ယာယီရေ ဘေးကယ်ဆယ်ရေး စခန်းများနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုပေါင်း(၁၃၅)စုသည် ဩဂုတ်လ ၅ ရက်နေ့ကမိမိနေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြကြောင်း သိရှိရသည်။

မအူပင်မြို့နယ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှသူများနှင့် ကူညီပါဝင်ဆောင်ရွက်နေသူများ၏ စကားသံများ

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ သီလရှင်၊ စေတနာ့ဝန်ထမ်းနှင့် သက်ကြီးဘိုးဘွားများအား ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီစတင်ကာ မြို့နယ်အတွင်းရှိ စုရပ် အဖွဲ့ ၆ ဖွဲ့ နေရာ ၆ နေရာတွင် ထိုးနှံပေးလျက်ရှိပါသည်။

ညောင်တုန်းမြို့နယ်တွင် ကိုဗစ် ၁၉-ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ထိုးနှံပေးလျက်ရှိသည်။
Subscribe to