ကံမမြို့နယ်ရှိ မဒေးရေလှောင်တမံ မိုးရွာသွန်းမှုကြောင့် ရေပိုလွှဲမှရေကျော်ကျမှုရှိနေကြောင်း အသိပေးအစိမ်းရောင်အလံများစိုက်ထူထားရှိ

                                                          ကံမ ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်ရှိ   မဒေးရေလှောင်တမံသည် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ကန်ရေပြည့်အမှတ် ၄၃၄.၀၀ ပေ ဖြစ်ပြီး ယနေ့နံနက်   ၉ နာရီတွင် ကန်ရေ ပြည့် အမှတ်အထက် ၂ပေ ၆လက်မ ရေပိုလွှဲမှ ရေကျော်စီးဆင်းလျက်ရှိသော်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေသို့ရောက်ရှိမှုမရှိသေးကြောင်းသိရပါသည်။                                                             

မဒေးရေလှောင်တမံမှ  တမံရေထုတ်ပြွန်  ရေပိုလွှဲနှင့်     ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင် ကောင်းမွန်ကြောင်းနှင့် ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း၊ ကြို့ပင်ကျေးရွာ၊ စီကျေးရွာ၊ ပျဉ်ထောင်ကျေးရွာ တမံရေပိုလွှဲနှင့်ဝီရာတို့တွင်  ရေလှောင်တမံမှ ရေကျော်နေကြောင်း သတိပေးအလံအစိမ်းရောင်များစိုက်ထူ၍ အသိပေး ဆောင်ရွက်ထားရှိကြောင်း မဒေးတမံအခြေအနေနှင့်ပတ်သက်၍ လတ်တလောတွင် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်းနှင့် စိုးရိမ်ဖွယ်အခြေအနေများရှိလာပါက အချိန်နှင့်တပြေးညီ အသိပေး နှိုးဆော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှု ဦးစီး ဌာန မဒေးဆည် တာဝန်ခံ အင်ဂျင်နီယာ ဦးကိုကိုဦး ထံမှသိရသည်။

ကျော်ဇေယျဝင်း(ကံမ)