အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် တရုတ်နိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စတုတ္ထနေ့အဖြစ် ယမန်နေ့ နံနက်(၈)နာရီကစတင်ကာ ညနေ (၄)နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမနှင့် မြို့ပေါ် (၃)ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။