တနင်္သာရီမြို့နယ်အတွင်း မြစ်ရေပြန်လည်ကျဆင်းပြီဖြစ်၍ ရေဘေးသင့်အိမ်ထောင်စုများ မိမိတို့ နေအိမ်များ သို့ ပြန်လည်ပြောင်းရွှေ့

                                                        တနင်္သာရီ  ဩဂုတ်  ၆

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ တနင်္သာရီ မြစ်ရေကြီး လာပြီး စိုးရိမ်ရေအမှတ်(၁၇)ပေအ ထက်ကျော်လွန်နေမှုဖြစ်စဉ်ကြောင့် ယာယီရေ ဘေးကယ်ဆယ်ရေး စခန်းများနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်သို့ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုပေါင်း(၁၃၅)စုသည် ဩဂုတ်လ ၅ ရက်နေ့ကမိမိနေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြကြောင်း သိရှိရသည်။

ကျောက်တစ်လုံးကျေးရွာအုပ်စု- မြေမအုံ ကျေးရွာမှ အိမ်ထောင်စု (၆၀) စုလူဦးရေကျား (၁၅၅) ဦးမ (၁၅၇) ဦးစုစုပေါင်း (၃၁၂)ဦးတို့သည် ကျေးရွာ (Cyclone Shelter) ရေဘေး ကယ်ဆယ်ရေးစခန်းမှ ကျေးရွာအတွင်းရှိ နေအိမ်အသီးသီးသို့ လည်းကောင်း၊  ဆင်ခြေဖုံးကျေးရွာအုပ်စု -ဗောဓိကမ်း ကျေးရွာမှ အိမ်ထောင်စု(၂) စုလူးရေကျား (၃) ဦး၊မ(၄) ဦးစုစုပေါင်း (၇) ဦးတို့သည် ကျေး ရွာအတွင်းရှိဆွေမျိုး များနေအိမ် မှမိမိနေအိမ်များသို့ လည်းကောင်း၊ ဆင်ခြေဖုံးအုပ်စု အော်ကြီးကျေးရွာမှ အိမ်ထောင်စု (၁) စုလူဦးရေကျား (၅)ဦး၊ မ(၆) ဦးစုစုပေါင်း(၁၁)ဦး တို့သည်ကျေးရွာအတွင်းရှိ ဆွေမျိုးများနေအိမ် မှမိမိ နေအိမ်သို့လည်းကောင်း၊  ဆင်ခြေဖုံး ကျေးရွာအုပ်စု-လယ်တောင်ယာ ကျေးရွာမှ ရေဘေးသင့် အိမ်ထောင်စု (၇)စုလူဦးရေကျား (၁၅) ဦး ၊ မ (၁၆) ဦးစုစုပေါင်း (၃၁) ဦးတို့သည် ကျေးရွာအတွင်းဆွေမျိုး များနေအိမ်မှ မိမိတို့နေအိမ်အသီးသီး သို့ လည်းကောင်း၊ပဝကျေးရွာအုပ်စု -ပဝသက္ကယ်ကျော်ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၇) စုလူဦး ရေကျား (၁၅) ဦးမ (၂၂) ဦးစုစုပေါင်း (၃၇) ဦးတို့သည်ကျေးရွာ အတွင်းရှိ ဆွေမျိုးများအိမ်မှ မိမိနေအိမ်အသီသီးသို့ လည်းကောင်း၊ ပဝကျေးရွာအုပ်စု -ပဝကျွန်းရှည် ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု(၄)စုလူဦးရေကျား (၉) ဦးမ (၇) ဦး စုစုပေါင်း (၁၆) ဦးတို့သည် ကျေးရွာ အတွင်း ရှိဆွေမျိုးများအိမ်မှ မိမိနေအိမ်အသီးသီး သို့လည်းကောင်း၊ ပဝကျေးရွာအုပ်စု ပဝချောင်းထဲကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၂၆) စုလူဦးရေကျား (၆၉) ဦးမ (၅၈) ဦး စုစုပေါင်း (၁၂၇) ဦး တို့သည်ကျေးရွာအတွင်းရှိဆွေမျိုးများအိမ်မှ မိမိနေအိမ်အသီးသီးသို့ လည်းကောင်း၊  ပဝကျေးရွာအုပ်စု -ပဝပိန်းတောရွာမှ ရေဘေးသင့်အိမ်ထောင်စု (၂၈) စုလူဦး ရေ ကျား (၆၅) ဦးမ (၇၁) ဦး စုစုပေါင်း (၁၃၆) ဦး တို့သည်ကျေးရွာအတွင်းရှိဆွေမျိုးများအိမ်မှ မိမိနေအိမ် အသီးသီးသို့ ပြန်လည် ်ပြောင်း ရွှေ့ပြီးဖြစ်ပါသည် ။

သို့ပါ၍ ဩဂုတ်လ(၅)ရက်နေ့တွင် မိမိနေအိမ်သို့ ပြန်လည်ပြောင်းရွှေ့မှုအိမ်ထောင်စု  ပေါင်း(၁၃၅)စုမှ လူဦးရေ ကျား(၃၃၆)ဦး ၊မ (၃၄၁) ဦး ၊ ပေါင်း(၆၇၇) ဦး ဖြစ်ကြောင်းသိရှိရပါသည် ။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)