ညောင်တုန်းမြို့နယ်တွင် ကိုဗစ် ၁၉-ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ညောင်တုန်း ဩဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း များက ဇူလိုင်လ ၅ ရက်နေ့တွင် ပထမအကြိမ်ထိုးနှံထားသည့်သော ဌာနဆိုင်ရာဝန်ထမ်း (၆၇)ဦး အား ဒုတိယ အကြိမ်ထပ်မံထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)