ပန်းတနော်မြို့သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေအား လာရောက်ကြည်ရှုအားပေး

                                                          ပန်းတနော် သြဂုတ် ၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ပန်းတနော်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက လာရောက် ကြည့်ရှုစစ်ဆေးပြီးအား‌ပေးစကား ပြောကြားခဲ့သည်။

ပန်းတနော်မြို့ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် အောင်သပြေကုမ္ပဏီ မိသားစုတို့က လှူဒါန်းသည့် အောက်စီဂျင်စက်ရုံတည်ဆောက်ရာသို့ တိုင်းဒေသကြီဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်တာဝန်ရှိများရောက် ရှိလာပြီး စက်ရုံတည်ဆောက်ရေးတာဝန်ခံဦးတင်စိုးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်း တင်ပြခဲ့ရာ ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး မြို့နယ် ဆရာဝန် ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်​ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် တွေ့ဆုံကာလမ်းညွှန်အားပေးစကားပြောကြားခဲ့ပြီး အောက်စီဂျင်အိုး (၄၀လီတာ)  (၁၀) လုံးနှင့်အလှူငွေ (၅) သိန်းကျပ်အား ဝန်ကြီးချုပ်မှပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)