ကိုဗစ်ရောဂါကုသရေးတွင် အထောက်အကူဖြစ်စေရန် ခရိုင်ပြည်သူ့ဆေးရုံသို့ Oxygen Concentrator များ ပေးအပ်လှူဒါန်း

မော်လိုက်  သြဂုတ်  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်ရောဂါကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ယနေ့ မွန်းလွဲပိုင်းက 10 Liter Oxygen Concentrator (၂)လုံးကို ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့က ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စိုးက လက်ခံရယူခဲ့သည်။

အဆိုပါ Oxygen Concentrator များကို ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့မိမြို့ဖ တို့၏အစီအစဉ်ဖြင့် 10 Liter Oxygen Concentrator ( ၅ )လုံးကို   ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ပထမမှာယူ ရောက်ရှိပြီးဖြစ်သည့် Oxygen Concentrator (၂)လုံးကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် Oxygen Concentrator (၃)လုံးအား ထပ်မံရောက်ရှိလာပါက ဆက်လက်ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကုသရေးအနေဖြင့် ခရိုင်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင်(၂)ဦး၊ သီးသန့်ဆောင်များတွင်( ၁၃ )ဦး၊ မိုးလုံလေလုံအားကစားရုံတွင်( ၁၀ )ဦး စုစုပေါင်း ပိုးတွေ့လူနာ( ၂၅  )ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မော်လိုက်သားလေး