ကျိုက်မရော သြဂုတ် ၆
ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးအတွက်ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ သွားလာကြရာတွင် သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ လိုက်နာသွား လာ မှုရှိ/ မရှိစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်၉နာရီကကျိူက်မရောမြို့အဝင် နတ် စမ်းဂိတ် နှင့် စက်လမ်းဝအဝိုင်း၌မြို့နယ်ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ပူးပေါင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မဖြစ်မနေ ပြင်ပသို့ ထွက်ရာ ၌ မျက်နှာအကာနှင့် နှာခေါင်းစည်း Maskများတပ်ဆင်သွားလာကြရန် အသံချဲ့စက် ဖြင့်အသိပေး ခြင်းများကို ဇူလိုင်လ၁၈ရက်မှစတင်ကာနေ့စဉ် လှည့်လည် ကြေငြာထားပေး ခဲ့ပြီးဖြစ်၍ အိမ်အပြင် ထွက်သူတိုင်းMaskတပ်ဆင်သွားလာကြရန် ထပ်မံသတိပေးခြင်းနှင့် mask များ ဖြန့်ဝေခြင်း၊ Maskမတတ်သူများအားဒဏ်ငွေပေးဆောင်စေခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်Maskမတပ်ဆင်ထားသူကျား ( ၂ ၃)ဦး မ(၂)ဦး စုစုပေါင်း(၂၅) ဦးအားတစ်ဦး လျှင် Mask(၂)ခုအခမဲ့ဖြန့်ဝေပေးပြီး ဒဏ်ငွေ၅၀၀ကျပ်စီဖြင့် ဒဏ်ကြေးပေး ဆောင်စေခဲ့ကြောင်း အဆိုပါရရှိသောဒဏ်ငွေများအား မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် သုံးစွဲသွား မည်ဖြစ်ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး