ပင်လောင်း သြဂုတ် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လက်ရှိ ဖြစ်ပွားလျက် ရှိသော ကိုဗစ်-၁၉ ရောဂါ အခြေအနေများနှင့် မိမိတို့ကိုယ်တိုင် သော်လည်းကောင်း မိမိတို့ပတ်၀န်းကျင်ရှိ ပြည်သူများထံတွင်သော်လည်းကောင်း နေမကောင်းလျှင်ဖြစ်စေ၊ ချောင်းဆိုးလျှင် ဖြစ်စေ၊ အနံ့အရသာမရလျှင်ဖြစ်စေ၊ မိမိကိုယ်မိမိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည်ဟု သံသယ ဖြစ်လျှင်ဖြစ်စေ အောက်ပါ နေရာများတွင် စစ်ဆေးနိုင်ကြရန် အသိပေး ကြေညာထားကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ နောင်တရားတိုက်နယ်ဆေးရုံ၊ တီကျစ်တိုက်နယ်ဆေးရုံ၊ ပေါင်းလောင်းတိုက်နယ်ဆေးရုံ၊ ဆောင်းပြောင်း တိုက်နယ်ဆေးရုံတို့တွင် နေ့စဉ် နံနက် ၉:၃၀ နာရီမှညနေ ၄:၃၀နာရီထိ စစ်ဆေးနိုင်ပြီး သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးသည့် နေရာများတွင် စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါ (positive) ကူးစက်မှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက၊ ပင်လောင်းမြို့နယ်ဆေးရုံ ကုသရေးစင်တာ၊ နောင်တရား တိုက်နယ်ဆေးရုံ ကုသရေးစင်တာ၊ တီကျစ်တိုက်နယ်ဆေးရုံ ကုသရေးစင်တာ၊ ဆောင်းပြောင်း တိုက်နယ်ဆေးရုံ ကုသရေးစင်တာ၊ ပေါင်းလောင်းတိုက်နယ်ဆေးရုံ ကုသရေးစင်တာများတွင် ဆေးကုသမှု ခံယူကြရမည် ဖြစ်ပါသည်။
ပင်လောင်းမြို့နယ်အတွင်း မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံ လေးရုံတွင် သြဂုတ် ၁၂ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၆၁၅ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၃၄၀ ဦး၊ သေဆုံးလူနာ ၈ ဦး၊ ဆေးရုံတက်ရောက်ကုသဆဲလူနာ ၂၆၇ ဦးရှိသည်။
ပင်လောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်း ကိုဗစ်-၁၉ ရောဂါ သံသယ လူနာများနှင့် ပတ်သက်၍ အကူအညီများ လိုအပ်ပါက မြို့နယ်ကိုဗစ်-၁၉ ရောဂါ Call Center အဖွဲ့၏ တယ်လီဖုန်းနံပါတ်များဖြစ်သော ၀၉ ၄၃၀၀၇၄၃၄၊ ၀၉ ၇၇၄၄၇၇၁၃၄၊ ၀၉ ၂၀၂၁၈၈၉၊ ၀၉ ၅၂၈၀၈၃၇၊ ၀၉ ၄၅၅၄၆၅၅၅၆၊ ၀၉ ၄၂၈၃၅၅၈၇၇၊ ၀၉ ၄၄၀၆၀၉၀၄၀၊ ၀၉ ၄၅၀၀၅၇၈၄၃ နှင့် ကြည်ဖြူချမ်းမြေ့ လူမှုကူညီရေးအသင်း၏ တယ်လီဖုန်းနံပါတ်များဖြစ်သော ၀၉ ၆၉၂၁၂၂၂၄၇၊ ၀၉ ၇၅၆၆၂၆၆၃၉၊ ၀၉ ၈၉၈၀၉၅၇၉၄ နှင့် အဖြူရောင်လူငယ်အဖွဲ့၏ တယ်လီဖုန်းနံပါတ်များဖြစ်သော ၀၉ ၈၉၀၈၂၅၂၁၀၊ ၀၉ ၄၅၁၃၄၁၂၉၆၊ ၀၉ ၂၅၁၆၈၃၆၈၇ တို့သို့ ဆက်သွယ်အကြောင်းကြား အကူအညီတောင်းနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)