ပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ပပျောက်ရေး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်

ပင်းတယ  ဩဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိသဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ပပျောက်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ပင်းတယမြို့ပေါ် ငှက်ပျောတောရပ်ကွက်ရှိ ယာယီပျံကျဈေး၊ ပြည်တော်သာရပ်ကွက်နှင့် ဈေးတန်းရပ်ကွက်တို့တွင် ယနေ့မနက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် မဖြစ်မနေအိမ်အတွင်း၌သာ နေထိုင်ကြပါရန်၊ ပြင်ပဧည့်သည်များ လက်မခံပါရန်၊ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပါရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်း၊ စက္ကန့်(၂၀)အကြာလက်ဆေးပေးရန် စသည့်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ကိုယ်စီလိုက်နာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ကြပါရန် လိုက်လံ အသိပေးနိုးဆော်ခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး