လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ လူနာများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)တွင် တက်ရောက် ကုသနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများအတွက် စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ဘားအံမြို့နယ်တွင် အောက်ဆီဂျင်ထုတ်နိုင်ရန် အောက်ဆီဂျင်စက်များ ရောက်ရှိ

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကိုဗစ်၁၉ရောဂါ ကူးစက်ခံရသူ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်နိုင်ရန်အတွက် အောက်ဆီဂျင်စက်ပစ္စည်းများ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ စက်ရုံတည်ဆောက်မည့် နေရာသို့ရောက်ရှိကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ပင်လောင်းမြို့မဈေးနှင့် ငါးရက် တစ်စျေး ရောင်းချသည့် ကျေးလက်စျေးများအား (၁၈)ရက် ယာယီပိတ်ထားမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရန်အတွက် မင်္ဂလာကွက်သစ်ရပ်ကွက်ရှိ မြို့မစည်ပင် သာယာဈေးကြီးနှင့်ငါးရက်တစ်စျေး ရောင်းချသည့် ကျေးလက်စျေးများဖြစ်သော ပင်ခွန်စျေး၊ နောင်ဝိုးစျေး၊ ဆောင်းပြောင်းစျေး၊ထီယွန်းစျေးများအား ဩဂုတ်လ ၁၃ ရက်မှ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၏ ဩဂုတ်လ ၁၂ ရက် ရက်စွဲပါကြေငြာချက်အရ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သာယာဝတီ ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ သွား ရောက် ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် ဇီးကုန်း-ကံညီ ကို လယ်တွင်းလမ်း ကွန်ကရစ်ခင်းကျင်းမှုအားကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့နေ့လယ် ၁၂နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိ လာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးအာကာဖြိုးနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကိုးသိန်းအားကစားပြိုင်ကွင်း တည်ဆောက်ရေးလုပ်ငန်းများစစ်ဆေးပြီး ပုသိမ်မြို့ရှိ စက်ရုံအလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်၈နာရီခွဲအချိန်က ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ကွင်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် (၉၄၀.၅)သန်း ဖြင့် Reva Co.,Ltd မှ တာဝန်ယူဆောက်လုပ်နေသည့် မီတာ(၄၀၀) Synthetic ပြေးလမ်းခင်းခြင်း လုပ်ငန်းနှင့် မိုးလုံလေလုံအားကစားကွင်း ဆောက်လုပ်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် Oxygen Concentrator များနှင့် အောက်ဆီဂျင်အိုး များအား တိုင်းကျန်းမာရေးဦးစီးဌာနသို့ ဒုတိယအကြိမ်လွှဲပြောင်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ Oxygen Concentrator အလုံး(၅၀)နှင့် အောက်ဆီဂျင် 40L အိုး အလုံး(၁၀၀)အား ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
Subscribe to