ဖာပွန် သြဂုတ် ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၀၃)ဦးထိ ရှိပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဦးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဖာပွန်မြို့ပေါ်ရပ်ကွက်များတွင် သွားရောက် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ကြေငြာချက်များ ဆောင်ရွက်ရာတွင် ဒေသအတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိအိမ်၌သာ နေထိုင်ရန်၊ အိမ်တွင် ဧည်သည့်များလက်ခံခြင်းလုံးဝမပြုလုပ်ရန်၊ အိမ်အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို စနစ်တကျမပျက်မကွက်တပ်ဆင်ရန် ၊ အိမ်တွင် အသက် (၆၅)နှစ် အထက်အသက်အရွယ်ကြဦးရင့်သူ၊ ဆဦးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ အခံရှိသူများရှိပါက ထိုသူများအား နှာခေါင်းစည်း (Mask)ကို တပ်ဆင်ထားစေခြင်း၊ လူစုလူဝေးရှိရာ လုံးဝရှောင်ကြဉ်ရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံး ဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူရန်၊ကာကွယ်ဆေးထိုးနှံပြဦးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ စျေးရောင်းသူများအနေဖြင့်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ နေထိုင်ကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)