ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျောက်တံခါး သြဂုတ် ၁၄

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ကကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် လေဘေးသင့် အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

သူဌေးကုန်းကျေးရွာတွင် သြဂုတ် ၂ရက်နေ့ ညနေ ၅နာရီအချိန်ခန့်က လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် ပျက်စီးနေအိမ် (၁)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၉၀၀၀ဝိ/-)ကျပ်၊ လူဦးရေ(၈)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၂၀၆၈၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (ပလပ်စတစ်ပုံးအပါ) ၁ပုံးနှင့် ကတ္တူပုံး(၁)ပုံးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စန်းစန်း