ခင်ဦး ၊ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီက စ၍ အုပ်စု (၄) ဖွဲ့ခွဲ၍ ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅) နှစ်အထက်ပုဂ္ဂိုလ်များ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ဈေးရောင်းသူများ၊ ဆန်စက်အလုပ်သမား တို့ကို ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေးကျန်းမာရေးဌာန)တွင် တစ်ဖွဲ့၊ မြကန်သာရပ်(အမက) တွင်တစ်ဖွဲ့၊ အထကတွင် နှစ်ဖွဲ့ စုစုပေါင်း လေးဖွဲ့ခွဲပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင် ဆေးအလုံး (၁၀၀၀)၊ ဒုတိယအကြိမ်တွင် ဆေးအလုံး (၇၅၀) ၊ ယခုတတိယအကြိမ်တွင် ဆေးအလုံး (၅၀၀) ဖြင့် မြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးလျက်ရှိပြီး ဆေးတစ်လုံလျှင် လူဦးရေ (၂)ယောက်နှုန်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံက သိရသည်။
စိုးဝေအောင်(ခင်ဦး)